DESCRIPTION

  • မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ (သို့) Dealer Agreement ချုပ်ဆိုထား သည့် Construction Company တို့မှ အကောင်အထည်ဖော်တည်ဆောက်သည့် လုံးချင်း/ တိုက်ခန်းများ ကို အရစ်ကျချေးငွေစနစ်ဖြင့် ဝယ်ယူနိုင်ပါသည်။
  • တန်ဖိုးကျပ် (၃၀၀) သိန်းနှင့်အောက်ဖြစ်ပါက လက်ငင်းပေးငွေ (Down payment) ကို တန်ဖိုး၏ (၃၀%)၊ တန်ဖိုးကျပ် (၃၀၀) သိန်းနှင့်အထက်ဖြစ်ပါက လက်ငင်းပေးငွေ (Down Payment) ကို(၅၀%) ပေးသွင်းရ ပါမည်။
  • လက်ငင်းပေးငွေ (Down Payment) ပေးသွင်းပြီး ကျန်ငွေကို (၇၀%၊ ၅၀%) ကို ချေးငွေကာလ အများဆုံး (၈)နှစ်၊ ဝင်ငွေနှင့်လျော်ညီမှုရှိပါက (၈)နှစ် သက်တမ်းအောက် ထုတ်ချေးနိုင်ပါသည်။
  • လုံးချင်း/ တိုက်ခန်းဝယ်ယူခွင့်ကို သက်ဆိုင်ရာဦးစီးဌာန၊ အဖွဲ့အစည်းများ (ပြည်နယ်/တိုင်းဒေသကြီး အစိုးရ ၊ စည်ပင်သာယာရေးကော်မတီ) က လိုအပ်ချက်များနှင့်အညီ စနစ်တကျစိစစ်၍ ရောင်းချပေးမည်ဖြစ်ပြီး၊ ဘဏ်ချေးငွေစနစ်ဖြင့် ဝယ်ယူမည့်သူများကို ဌာန၏ ထောက်ခံချက်အရသာ ဘဏ်မှထုတ်ချေးပေးမည် ဖြစ်ပါသည်။

ကနဦးပေးသွင်းရမည့်အစီအစဉ်

  • ဘဏ်တွင်းစာရင်းရှင်စာရင်းဖွင့်လှစ်၍ တိုက်ခန်းတန်ဖိုး၏ (၃၀%၊ ၅၀%) ကို လက်ငင်းပေးငွေ (Down Payment) အဖြစ်ဘဏ်သို့ပေးသွင်းရန်။
  • တိုက်ခန်းတန်ဖိုး၏ (၁%)ကို ဝန်ဆောင်ခအဖြစ် ပေးသွင်းရန်။

ချေးငွေသက်တမ်း

  • ချေးငွေကာလကို အများဆုံး (၈)နှစ် (သို့) ဝင်ငွေနှင့် လစဉ်ပေးဆပ်ရမည့်ငွေ လျော်ညီပါက (၈)နှစ်အောက် သို့ အဆိုပြုလျှောက်ထားနိုင်ပါသည်။

ချေးငွေအတိုးနှုန်း

  • ချေးငွေအပေါ်တွင် တစ်နှစ်လျှင် (၁၂%) ဖြစ်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အတိုးနှုန်းပြင်ဆင် သတ်မှတ်ပါက ပြောင်းလဲမှုရှိနိုင်ပါသည်။

ချေးငွေအရင်း/ အတိုး ပေးဆပ်မှုအစီအစဉ်

  • ချေးငွေကာလအလိုက် လစဉ်အရစ်ကျ အတိုး/ အရင်းပေးဆပ်ခြင်း (ဥပမာ- ၈နှစ် (၉၆) လ (၉၆) ရစ်) လစဉ်ပေးဆပ်ရမည့်ငွေမှာ အညီအမျှဖြစ်ပြီး၊ လစဉ်ပုံမှန်ပေးဆပ်ပါက ချေးငွေကာလ ကုန်ဆုံးသည့်အခါ အရင်း/ အတိုး ပြေကြေပြီးဖြစ်ပါသည်။
  • အရင်း/ အတိုး တွက်ချက်ပုံမှာ နိုင်ငံတကာအိမ်ရာချေးငွေတွင် အသုံးပြုသည့် Amortization Method ကို အသုံးပြုတွက်ချက်ပြီး၊ လစဉ်ပေးဆပ်ရန်ကျန်ရှိသည့် အရင်းငွေပေါ်တွင်သာ အတိုးတွက်ချက်ခြင်းဖြစ် သည်။

နောက်ကျကြေးကောက်ခံခြင်း

  • လစဉ်လဆန်း (၅) ရက်အတွင်း အရစ်ကျပေးဆပ်ငွေကို မပျက်မကွက်ပေးဆပ်ရန်ဖြစ်ပြီး၊ သတ်မှတ်ရက် ကျော်လွန်ပါက တစ်ရက်လျှင် အတိုးနှုန်း (၀..၄%) ကောက်ခံပါမည်။ (၄)ကြိမ် (၄)လ တစ်ဆက်တည်း ပျက်ကွက်ပါက တိုက်ခန်းကို ပြန်လည်သိမ်းယူပါမည်။
  • ငွေချေးသူ၊ Dealer နှင့်ဘဏ်တို့ (၃)ပွင့်ဆိုင် ချုပ်ဆိုမည့်စာချုပ်ပါ စည်းကမ်းချက်များအတိုင်း အရေးယူ ဆောင်ရွက်ပါမည်။

မီးအာမခံထားရှိခြင်း

  • ချေးငွေမပြေကြေမီကာလအတွင်း မီးအာမခံအကာအကွယ်ကို နှစ်စဉ်ထားရှိရမည်ဖြစ်ပြီး၊ ကျသင့်ပရီမီယံကို ငွေချေးယူသူက ပေးဆောင်ရပါမည်။